တောင်ကြီး ၃၁ မေ
သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းသေစေနိုင်သည့် Abate ဆေးများ လိုက်လံခတ်ပေးခြင်းလုပ်ငန်းအား ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်များတွင် ကျန်းမာရေးဌာနမှ ဆရာမများ၊ စေတနာ့ ဝန်ထမ်းများ၊ ချယ်ရီသွေးအဖွဲ့၊ စိန်ပန်းနှင့်ရွှေတောင်ရပ်ကွက်များမှ နယ်မြေမှူးများ၊ မိခင်နှင့်ကလေး စောင့်ရောက်ရေးအသင်းဝင်များ ပူးပေါင်း၍ ကျန်းမာရေးဌာနမှ ဆေး(၃)ပုံး၊ စေတနာ့ဝန်ထမ်း အဖွဲ့မှ ဆေး( ၅)ပုံး စုစုပေါင်း အဘိတ်ဆေး(၈)ပုံးဖြင့် ရပ်ကွက်နှစ်ခုရှိ နေအိမ်များမှ ပိုးလောက်လန်းပေါက်ဖွားနိုင်သည့် ရေသိုလှောင်ရာ နေရာများ၊ ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများအား လောက်လန်းသေစေနိုင်သည့် Abate ဆေးများ လိုက်လံခပ်ပေးလျက်ရှိကြောင်း သိရသည်။
သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းအား စေတနာ့ဝန်ထမ်းအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်နှစ်ခုဆေးခပ်ခြင်း ယနေ့ပြီးစီးပြီဖြစ်၍ နောက် ၃ လအကြာတွင် ယခုဆေးခပ်သည့် ရပ်ကွက်နှစ်ခုအား ယင်းအဖွဲ့မှတာဝန်ယူ၍ နောက်တစ်ကြိမ် ဆေးထပ်ခပ်ပေးမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး အေးသာယာမြို့နှင့် ရွှေညောင်မြို့များရှိ ရပ်ကွက် နှစ်ခုအား Abate ဆေးများခပ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းအဖွဲ့မှ ကိုဝင်းနိုင်စိုးက ပြောကြားသည်။
စိုးညွန့်ရွှေ( ပြန်/ဆက်)


