တောင်ကြီး ဒီဇင်ဘာ ၁၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု နောက်ဆက်တွဲအန္တရာယ် လျော့နည်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Cross Cutting Themes Training ဖွင့်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၊ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

 

အဆိုပါသင်တန်းတွင် မူးယစ်ဆေးဝါးသုံးစွဲမှု နောက်ဆက်တွဲအန္တရာယ် လျော့နည်းရေး အတွေးအမြင်၊ မသန်စွမ်းမှုအကျုံးဝင်ခြင်းဆိုင်ရာ အတွေးအမြင်နှင့် စီမံချက်လုပ်ငန်းများတွင် ထည့်သွင်းပေါင်းစပ်စဉ်းစားရမည့် လုပ်ငန်းစဉ်အကြောင်းအရာများကို ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ တောင်ကြီး၊ လွိုင်လင်၊ နမ့်ဆန်၊ ပင်လုံမြို့များမှ သင်တန်းသား ၁၅ ဦးတက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်းကာလ ၃ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

ဇော်နိုင်လင်း