တောင်ကြီး    အောက်တိုဘာ   ၂၉

 

တောင်ကြီးမြို့တွင် Kyokushin Karate အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဌာန၏ရည်မှန်းချက် တာဝန်များနှင့်အညီ လူထုအခြေပြုဗဟိုဌာနမှ  ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်လူရွယ် များအတွက် ယခုသင်တန်းကဲ့သို့ အခမဲ့သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ နည်းပြဆရာ များ၏ သင်ကြားပေးမှုကို သင်တန်းသားများအားလုံး ကြိုးစားအားထုတ်သင်ယူကြရန် လိုအပ်ကြောင်း၊ လူထုအခြေပြုဗဟိုဌာနသို့ အချိန်မရွေး အခမဲ့လာရောက်အသုံးပြုနိုင်ကြောင်း ပြောကြားသည်။

 

ထို့နောက် Kyokushin Karate နည်းပြဆရာ ဦးစိုးမြင့်အောင် က အမှာစကားပြောကြားပြီး သင်တန်းသို့ တက်ရောက်သင်ယူကြသော သင်တန်းသား ၂၀ ဦးအား သင်တန်းနည်းပြဆရာ ဦးစိုးမြင့်အောင်နှင့်  ဦးစိုင်းလှအောင် တို့က Kyokushin Karate အခြေခံနည်းစနစ်များကို စတင်သင်ကြားပို့ချ ပေးလျက်ရှိကြောင်းနှင့် အဆိုပါသင်တန်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာရက်များတွင် နံနက် ၆ နာရီမှ ၇ နာရီခွဲ အထိသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ ၃ လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း