တောင်ကြီး   ဇွန်  ၂၉

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြို့တွင်းသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက စူဠာမုနိဘုရားနှင့် ဆေးတက္က သိုလ်ကြားလမ်းနှင့် စဝ်စံထွန်းဆေးရုံတို့တွင် ဆောင်ရွက်ကြသည်။

 

ထိုသို့ စုပေါင်းသန့်ရွင်းရေးဆောင်ရွက်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး စူဠာမုနိဘုရားနှင့် ဆေးတက္ကသိုလ်ကြားလမ်းရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေစီးရေလာ‌ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများရှိ အမှိုက်များ ရှင်းလင်းခြင်း၊ စဝ်စံထွန်းဆေးရုံဝန်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ကို ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ စုပေါင်းဆောင်ရွက်ခဲ့သည်။

 

အလားတူ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီး ရေလာကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)