တောင်ကြီး ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲနှင့် အားကစားပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၆ နာရီက ရှမ်းပြည်နယ် ပြည်နယ်အားကစားကွင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးဆောင်သော ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်လူငယ်များက ပြည်နယ်အားကစားကွင်း ပြေးလမ်းတွင် ကွင်းလေးပတ် စုပေါင်းလမ်းလျှောက်ကြပြီး စုပေါင်းကိုယ်ကာယ သွေးပူလေ့ကျင့်ခန်း အတွဲ(၁-၂)တို့ကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကြက်တောင်ရိုက် အားကစားများ ပြုလုပ်ခြင်း၊ အေးသာယာ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းမှ အမျိုသား၊ အမျိုးသမီးများက ဘောလုံးကန်ခြင်းနှင့် အားကစားပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)