တောင်ကြီး ၁၅ ဇွန်
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကမ်းလက်မေတ္တာအဖွဲ့အစည်း၊ Driving Myammar Groop (ရှမ်း/တောင်)၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့က ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေတွင်ပါရှိသည့် မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် လိုက်နာရမည့် ရှေ့မီးအနိမ့်အား မီးထွန်းမောင်းရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန် စသည့်အချက်များကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် ဥပဒေစာအုပ်များ ဖြန့်ဝေပေး ခဲ့သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်က ပြည်ထောင်စု လွှတ်တော်မှ ဥပဒေအမှတ်(၆/၂၀၂၀)ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် အခန်း ၁၅ ခန်း၊ ဥပဒေပုဒ်မ ၁၀၇ ခု ပါရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


