၁၈ အောက်တိုဘာ

 

အောက်တိုဘာ (၂၀) ရက်မှ စတင်ပြီး The Sun Music တေးထုတ်လုပ်ရေးကနေ ဖြန့်ချိမည့် "ချယ်ရီ နွေဦး" ဟု အမည်ပေးထားသော တေးစီးရီးခွေတွင် တောင်ကြီးမြို့မှ တောင်ကြီးသား အဆိုတော်များ ဖြစ်ကြသည့် ဘိုဖြူ၊ လှိုင်ဦးမော်၊ ဟန်ထွန်း၊ သအို၊ ပူစူး၊ အယ်နောင်း၊ ကိုအောင်တို့ ပါဝင်သီဆို ထားကြောင်း သိရသည်။

 

"ဒီအခွေလေးက ကျွန်တော်တို့ တောင်ကြီးသားတွေကြီး သီးသန့်သီဆိုထားတဲ့ သီချင်းသစ်တွေပါဝင် တဲ့ အခွေတစ်ခွေဆိုလည်း မမှားပါဘူး။ ဒီအခွေလေးထဲကသီချင်းတွေ အကုန်လုံး သီချင်းသစ်တွေပါပဲ။ ဒီအချိန်မှာ သီချင်းကောင်း တစ်ပုဒ်ရဖို့ဆိုတာ အင်မတန်ကို ရှားပါတယ်၊ (၁)နှစ်အတွင်း မြန်မြန်ပြီး အောင် စီစဉ်ကြရတာ ဖြစ်တာမို့ သီချင်းတွေ ဖန်တီးတဲ့အခါ အခက်အခဲတော့ ရှိတာပေါ့၊ အကြောင်း အရာလေးတွေ ရှာကြတဲ့အခါ ကိုယ့်စိတ်ကြိုက် ပုံစံမျိူးဖြစ်အောင် တစ်ယောက်ချင်း ဆီတိုင်းက လုပ်ရတာဖြစ်ပါတယ်၊ ကိုယ်ပိုင်သံစဉ် သီချင်းတွေ ဖြစ်တာမို့ ပရိသတ်နဲ့ နည်းနည်းစိမ်းနေတယ် ထင်ရပေမယ့် နားဆင်ရကျိူးနပ်မှာပါ၊ ကျွန်တော်တို့ ဒီအခွေလေး စလုပ်ကတည်းက ငွေရေးကြေးရေး မြတ်စွန်းလိုမှု မပါဝင်ပါဘူး။ စိတ်တူကိုယ်တူ ညီအစ်ကိုတွေ တစ်စုတစ်စည်းထဲ လုပ်ချင်ခဲ့တာမို့ လုပ်ခဲ့တာပါ၊ ဒီခေတ်ဒီအခါမှာ အခွေတစ်ခွေထွက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး၊ ပရိသတ်အနေနဲ့က ပထမဆုံး ထွက်ခဲ့တဲ့ Audio CD တုန်းက ကြိုက်ကြတယ်ဆိုလို့၊ လိုက်ဆိုနိုင်အောင် ထပ်ပြီး DVD အဖြစ် ထုတ်လိုက်တာပါ၊ ဒီအခွေက ၃ ခွေမြောက်ပါ။

 

သီချင်းကောင်းလေးတွေ လိုက်ဆိုနိုင်ဖို့အတွက် လုပ်ဖြစ်တာပါ။ သီချင်းတွေချစ်တဲ့စိတ်နဲ့ လုပ်ဖြစ်နေဦးမှာပါ။ ကျွန်တော်တို့ ဒီအခွေလေးက လွန်ခဲ့တဲ့ နှစ်(၂၀)လောက်က သီချင်းခွေ နှစ်ခွေထဲက သီချင်းလေးတွေကို လုပ်ထားတာပါ" ဟု အဆိုတော် ဘိုဖြူက ပြောသည်။
အဆိုပါ တေးစီးရီးတွင် တေးသီချင်း (၁၀) ပုဒ်ပါဝင်ကြောင်း သိရသည်။

 

ကိုလင်း