ဆိုးလ် နိုဝင်ဘာ ၇
ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ သွပ်သတ္တုတွင်း ပြိုကျပြီးနောက် မိုင်းတွင်းလုပ်သားနှစ်ဦးမှာ သတ္တုတွင်းအတွင်း ကိုးရက်ကြာ ပိတ်မိနေခဲ့သည်။ ယခုအခါ ၎င်းတို့ နှစ်ဦးစလုံးကို ကယ်တင်နိုင်ခဲ့ပြီဟု သိရသည်။
ဘန်ဟွာခရိုင်၌ အောက် တိုဘာ ၂၆ ရက်က သတ္တုတွင်း ပြိုကျခဲ့ပြီး မြေအောက် မီတာ ၁၉၀ ခန့်တွင် မိုင်းတွင်းလုပ်သားနှစ်ဦးမှာ ပိတ်မိနေခဲ့ရသည်။ မိုင်းတွင်းလုပ်သားများ အသက်ရှင်လျက်ရှိနေခြင်းမှာ အံ့အား သင့်ဖွယ် ဖြစ်ရပ်ဖြစ်သည် ဟု ကိုရီးယားမီဒီယာများတွင် ဖော်ပြကြသည်။
ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်းများကို အဆုံးသတ် လိုက်ပြီဖြစ်သည်။ မျက်နှာကြက်မှ ကျလာသည့် ရေများဖြင့် ကော်ဖီမှုန့်များကို စားသုံးခြင်းဖြင့် မိုင်းတွင်းလုပ်သားများ အသက်ရှင်အောင်နေထိုင်ခဲ့ကြပြီး ပလတ်စတစ် တဲအိမ်ပြုလုပ်ကာ နေထိုင်ခဲ့ကြသည် ဟုသိရသည်။ ၎င်းတို့နှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်လျက်ရှိပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ