၃ အောက်တိုဘာ
ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး မိသားစုဝင်များ၏ ပတ်သက်မှုနှင့် အခြားသော စွပ်စွဲချက်များ တရားရေးဝန်ကြီး ချိုကူ၏ ဇနီးကို တောင်ကိုရီးယား အစိုရးရှေ့နေများက ပထမဆုံးအကြိမ် မေးမြန်းလျက်ရှိသည်ဟု ဆိုသည်။
ယနေ့နံနက်ပိုင်းတွင် ချိုကူ၏ ဇနီးကို တရားရုံးက ဆင့်ခေါ်ထားကြောင်း တောင်ကိုရီးယားနိုင်ငံ ယွန်ဟက် သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ချို၏ ဇနီးသည် ကုမ္ပဏီ၏ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်သည်ဟု ချို၏ ဆွေမျိုးများကို ဖမ်းဆီးထားကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
၎င်း၏ သမီးအား နာမည်ကျော်ကြားသည့် ကျောင်းတစ်ခုတွင် အပ်နှံရန်အတွက် အရှိန်အဝါသုံးသည့် လုပ်ရပ်ကြောင့် သံသယဖြစ်ခဲ့ပြီးပြီး ပြီးခဲ့သည့်လက ချို၏ ဇနီးကို အစိုးရရှေ့နေများက စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ တရားစွဲဆိုမှုအတွက် တရားရုံးက ဖမ်းဝရမ်း ထုတ်မည်မဟုတ်ကြောင်းနှင့် တရားရုံးက ဆက်လက် ဖြစ်ပွားနေသည့် စုံစမ်းစစ်ဆေးမှုများအတွက် အလွန်အရေးပါသည့် သက်သေများရမည်ဟု မျှော်လင့်ပါကြောင်း ယွန်ဟက် ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်