ဆိုးလ် ၁ သြဂုတ်

 

တောင်ကိုရီးယားနိုင်ငံအပေါ် ဂျပန်က ပို့ကုန်ဆိုင်ရာ ထိန်းချုပ်နေမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်ကျင်းပသည့် အာဆီယံအစည်းအဝေး၌ နိုင်ငံတကာ၏ ထောက်ခံမှုများရရှိအောင် ကြိုးပမ်းမည်ဖြစ်ကြောင်း  တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကျန်ဟွာသည် အာဆီယံအစည်းအဝေး ပြင်ပ၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟုလည်း သိရသည်။ ဂျပန်သည်  တင်ပို့ကုန်ဆိုင်ရာ ရိုးရှင်းသည့်လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံများစာရင်းမှ တောင်ကိုရီးယားနိုင်ငံကို ဖယ်ရှားသွားနိုင်ဖွယ်ရှိကြောင်း  ၎င်းက ပြောကြားခဲ့သည်။  ထိုသို့  ပယ်ဖျက်ခြင်းမှာ တရားမျှတမှုမရှိကြောင်းနှင့် တင်ပို့ကုန် ထိန်းချုပ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာထောက်ခံမှုရရှိအောင် ကြိုးစားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

 

အင်န်အိတ်ချ်ကေ