မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက်သိမ်းရေးအတွက် အပြန်အလှန်အားဖြင့် တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို လျော့ချမည့် သို့မဟုတ် ရုတ်သိမ်းမည့်အစီအစဉ် လောလောဆယ်မရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံသည် စီးပွားရေးအရ အင်အားကြီးသော နိုင်ငံဖြစ်လာနိုင်ကြောင်း CBS ရုပ်သံနှင့် အင်တာဗျူးတွင် ထရန့်က ပြောကြားခဲ့သည်။ သို့ပေမယ့်လည်း မြောက်ကိုရီးယားနိုင်ငံအနေဖြင့် လက်ရှိ အခြေအနေကို မပြောင်းပဲ တစ်နိုင်ငံတည်းရပ်တည်ရန် မဖြစ်နိုင်ကြောင်း ၄င်းက ပြောကြားသည်။

တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်ထားအုံးမည်လားဆိုသည့် မေးခွန်းအပေါ် အင်းအားချုံ့ ရန် ဆွေးနွေးခဲ့ခြင်းမရှိသလို အစီအစဉ်လည်းမရှိကြောင်း ထရန့်က ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံတွင် တပ်ဖွဲ့များတပ်စွဲထားရသည်မှာ အကုန်အကျများကြောင်း ၄င်းကဆိုသည်။
မြောက်ကိုရီးယားနှင့် နျူကလီးယားလက်နက် လျော့ချရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွင် အခြေအနေကောင်း မွန်ပါက တပ်ဖွဲ့ဝင်အရေအတွက် လျော့ချဖွယ်ရှိသည်ဆိုသော စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။
ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ပြုလုပ်မည်ဟု မျှော်လင့်ရသည်။

ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အ ထူးသံတမန် စတီဖင်ဘင်ဂန်သည် ယခုအခါ တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိလျက်ရှိသည်။ ၄င်းသည် ကို ရီးယား နှစ်နိုင်ငံကိုခွဲထားသော စစ်မဲ့ဇုန်အတွင်းရှိ အပစ်အခတ်ရပ်စဲရေးကျေးရွာ ပန်မွန်ဂျုံ တွင် မြောက်ကိုရီး ယားအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်