ဆိုးလ်၊ သြဂုတ် ၂
တောင်ကိုးရီးယားနိုင်ငံတွင် ယခုနှစ်နွေရာသီကာလ၌ ဖြစ်ပွားသည့်အပူလှိုင်းကြောင့် လူ ၂၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက မီးသတ် အာဏာပိုင် များ၏ ပြောကြားချက်ကို ကိုးကား၍ ယနေ့ဖော်ပြထားသည်။
တောင်ကိုးရီးယားတွင် အပူလျှပ်ခြင်းကြောင့် ယမန်နေ့က နောက်ထပ်နှစ်ဦး ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခန့်မှန်းသေဆုံးသူဦးရေမှာ ၂၃ အထိ တိုးလာကာ ယမန် နှစ် အလားတူကာလ၌ အပူလှိုင်းကြောင့် သေဆုံးသူခုနစ်ဦးထက် သုံးဆပိုများလာ ကြောင်း သိရသည်။
အပူလှိုင်းကြောင့် သေဆုံးသူအများစုမှာ ပူအိုက်သောအပြင်ဘက် အပူရှိန်ထဲတွင် အလုပ်လုပ်ကိုင်နေသောသက်ကြီးရွယ်အို လယ်သမားများဖြစ်ကြောင်း သိရသည်။
အပူလှိုင်းသည် နိုင်ငံ၏ အရှေ့တောင်ပိုင်း ဂျောင်ဆန်ပြည်နယ်တွင် အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းအပူဒဏ်ကြောင့် သေဆုံးသူ ၁၀ ဦးအထိရှိကြောင်း သိရသည်။
တောင်ကိုးရီးယားနိုင်ငံသည် နိုင်ငံ၏ ဒေသအတော်များများတွင် နေ့အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ခန့် ရှိသည့်အတွက် မကြာသေးမီက ပြင်းထန်သောအပူလှိုင်းဒဏ်နှင့် ရင် ဆိုင်ကြုံတွေ့ခဲ့ရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ