ဆိုးလ် အောက်တိုဘာ ၃၁

 

တောင်ကိုရီးယားနိုင်ငံ အီထယ်ဝန်ခရိုင်တွင် အောက်တိုဘာ ၂၉ ရက် ညပိုင်းက လူအစုလိုက်အပြုံလိုက် တိုးမှုဖြစ်ပွားပြီးနောက် ၁၅၃ ဦးထက် မနည်း သေဆုံးကာ ၁၃၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အာဏာပိုင်များက ပြောသည်။ သေဆုံးသူအများစုမှာ ဆယ်ကျော်သက်များနှင့် အသက် ၂၀ အရွယ်များဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မတော်တဆမှုမှာ အရက်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ကျဉ်းမြောင်းသော ဆင်ခြေလျှော လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူငယ်အများအပြားမှာ ဟော်လိုဝင်းပွဲဆင်နွှဲရန် အဆိုပါနေရာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများအနက် ၁၉ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း ဒေသခံ မီးသတ်ဌာနက ပြောကြားသည်။

 

mdn

 

တောင်ကိုရီးယားအစိုးရသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးပြီးနောက် သုံးနှစ်အတွင်း ဆိုးလ်မြို့တွင် ပထမဆုံး ပြင်ပအခမ်းအနားပြုလုပ်သည့် ဟော်လိုဝင်းပွဲဖြစ်သည်။ ဒေသဆိုင်ရာ မီဒီယာများက အောက်တိုဘာ ၂၉ ရက်ညတွင် အီထယ်ဝန်ခရိုင်၌ လူပေါင်းတစ်သိန်းခန့် စုဝေးခဲ့ကြသည်ဟု ခန့်မှန်းထားသည်။

 

အင်န်အိတ်ချ်ကေ