ဇန်နဝါရီ ၃၁

တောင်ကိုရီးယားနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန်တိုက်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ယနေ့တွင်ပြောကြားသည်။

အဆိုပါ အက်ဖ်-၁၆ အမေရိကန်တိုက်လေယာဉ်သည် ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့်အကွာ Gunsan မြို့ရှိ Jikdo ကျွန်းအနီးရှိ ရေပြင်တွင် ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၀ မိနစ်ဝန်းကျင်က ပျက်ကျခဲ့သည်ဟု သိရသည်။

ထိုလေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူမရှိကြောင်းနှင့် လေယာဉ်မှူးသည်ဘေးကင်းစွာဖြင့်လွတ်မြောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာလက တောင်ကိုရီးယားနိုင်ငံ၏ အရှေ့တောင်ဘက်ကမ်းရိုးတန်း ပင်လယ်ဝါအတွင်းသို့ အခြားသော အက်ဖ်-၁၆ တိုက်လေယာဉ်ပျက်ကျခဲ့ကြောင်းနှင့် ယင်းလေယာဉ်မှူးသည်လည်း လေယာဉ်မပျက်ကျမီကပင် ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို