ဆိုးလ်   ဒီဇင်ဘာ   ၂၇

တောင်ကိုရီးယားနိုင်ငံက   အမေ ရိကန်စစ်လက်နက်ကုမ္ပဏီ လော့ဒ်ဟိမာ တင်မှ ထုတ်လုပ်သည့် F-35A ကိုယ်ပျောက်တိုက်လေယာဉ် အစင်း ၂၀ ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ယွန်ဟက် သတင်းဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

တိုက်ခိုက်ရေးလေယာဉ်များ ဝယ်ယူ မှုအတွက် လက်ခံရေးစာ (LOA) ကို ဒီဇင် ဘာ ၈ ရက်က အမေရိကန်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း  ကာကွယ်ရေးပစ္စည်းဝယ်ယူမှုအစီအစဉ်    စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားထားသည်။

တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း F-35A ကိုယ်ပျောက် တိုက်လေယာဉ် အစင်း ၄၀ ကို  ဝယ်ယူခဲ့သော်လည်း ယမန်နှစ် ဇန်နဝါရီလတွင်  တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်     တိုက် လေယာဉ်တစ်စင်း ပြင်းထန်စွာ ပျက်စီးသွားခဲ့သဖြင့် အနားပေးခဲ့ရသည်။

နောက်ထပ် အမေရိကန် ကိုယ်ပျောက်တိုက်လေယာဉ်များကို  ၂၀၂၇  ခုနှစ်မှ စတင်ကာ တောင်ကိုရီးယားသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်