ဖေဖော်ဝါရီ ၁၀
တောင်ကိုရီးယားနိုင်ငံကမ်းလွန်ပင်လယ်ပြင်တွင် ၁၃၉ တန်ရှိ ငါးဖမ်းလှေတစ်စီး ယမန်နေ့က နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
နိုင်ငံအရှေ့တောင်ပိုင်းဘူဆန်ဆိပ်ကမ်းမှငါးဖမ်းလှေတစ်စီးသည် ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၃၈၀ ခန့်အကွာ Yeosu ရေပြင်ရှိ ရေဒါကိရိယာမှ ဒေသစံတော်ချိန် မနက် ၁ နာရီ ၄၁ မိနစ်ခန့်ကပျောက်ကွယ်သွားခဲ့သည်ဟု သိရသည်။
အဆိုပါလှေပေါ်တွင် တောင်ကိုရီးယားနိုင်ငံသား ရှစ်ဦး၊ ဗီယက်နမ်သုံးဦးနှင့် နှင့် အင်ဒိုနီးရှားသုံးဦးတို့အပါအဝင် ၁၄ ဦး ပါရှိကြောင်းနှင့် လက်ရှိအချိန်အထိ လေးဦးသာလျှင် အသက်ရှင်ကျန်ရစ်ကြောင်း ဖော်ပြထားသည်။
ရာသီဉတုအခြေအနေများဆိုးရွားနေသော်လည်း ကင်းလှည့်သင်္ဘောများ၊ ရေတပ်သင်္ဘောများ၊ အရပ်ဘက်နှင့် အေဂျင်စီသင်္ဘောများအပါအဝင် ရရှိနိုင်သောအရင်းအမြစ်များနှင့် အထောက်အကူပစ္စည်းများအားလုံးကို ညဘက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်ရန် ဖြန့်ချထားသည်။
ငါးဖမ်းလှေနစ်မြုပ်မှုသည် ၁၀ ရက်အတွင်းဒုတိယအကြိမ်မြောက်ဖြစ်ပြီး ရေကြောင်းလုံခြုံရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်ကာ စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်တစ်နှစ်အတွင်းမှာပင် အလားတူမတော်တဆမှုများမှ ၁၁၉ ဦး သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ရာ လွန်ခဲ့သောနှစ်ကမတော်တဆမှုများနှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို