ရန်ကုန် ဇွန် ၂၅

တောင်ကိုရီးယားနိုင်ငံမှ EPS စနစ်ဖြင့် နိုင်ငံခြားလုပ်သားခေါ်ယူမှု ဦးရေ တစ်သန်းပြည့်မြောက်သည့် နေ့တွင် မြန်မာလုပ်သား (၁၈၀)ကျော် အဆိုပါ နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန် ထားချက်အရ သိရသည်။

ကိုရီးယားသမ္မတနိုင်ငံသို အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် ၁၈၈ ဦးသည် ဇွန် ၂၅ ရက်တွင် ရန်ကုန်မြို့မှ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာအမျိုး သားလေကြောင်းလိုင်း UB 8301 (Charter Flight) နှင့် စင်ကာပူလေကြောင်းလိုင်း SQ ခရီးစဉ်တိုဖြင့် အသီးသီးရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြိုမှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

“ယနေ့မြန်မာလုပ်သားများ ဝင်ရောက်လာမှုသည် ကိုရီးယားနိုင်ငံ၏ EPS စနစ်ဖြင့် ၁၆ နိုင်ငံမှ နိုင်ငံခြားသားလုပ်သားခေါ်ယူမှု ၁ သန်းပြည့်မြောက်ခဲ့သည့် နေ့လည်းဖြစ်သည်” ဟု သံရုံးက ဆိုထားသည်။

ကိုရီးယားသမ္မတနိုင်ငံသို အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မေ ၂၁ရက်က ကုန်ထုတ်လုပ်သားသစ် ၁၅၂ ဦးကိုလည်းကောင်း၊မေ  ၇ရက်ကလည်း (POEA) မှတစ်ဆင့် EPS စနစ်ဖြင့်  ကုန်ထုတ်လုပ်သားသစ် ၁၄၆ ဦး နှင့် စိုက်ပျိုး/မွေးမြူရေး လုပ်သားသစ် ၂၄ ဦး စုစုပေါင်းလုပ်သား ၁၇၀  ကို စေလွှတ်ခဲ့ကြောင်း သိရသည်။

ထိုအတူ ကိုရီးယားသမ္မတနိုင်ငံသို အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ဧပြီလအတွင်း E-9 ဗီဇာဖြင့် EPS လုပ်သားစုစုပေါင်း ၄၂၁ ဦးကိုလည်းကောင်း၊ မတ်လအတွင်းအတွင်း EPS လုပ်သားဦးရေ စုစုပေါင်း ၈၆၂ ဦးကိုလည်းကောင်း၊ ဖေဖော်ဝါရီလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို E-9 ဗီဇာဖြင့် EPS လုပ်သားစုစုပေါင်း ၁၃၃၃ ဦး စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ကိုးရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ထားချက်အရသိရသည်။

MT