တောင်ကိုရီးယားနိုင်ငံမှ Pohang Steelers FC ဘောလုံးအသင်းနှင့် မြန်မာ ယူ-၂၂ လက်ရွေးစင်ဘောလုံးအသင်း ယှဉ်ပြိုင်ပုံတိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ၂၈ မေ

 


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် တောင်ကိုရီးယားနိုင်ငံမှ Pohang Steelers FC ဘောလုံးအသင်းနှင့်  မြန်မာ ယူ-၂၂ လက်ရွေးစင်ဘောလုံးအသင်းတို့သည် မေ(၃၀)ရက် ညနေ(၅)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအား ကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 


အဆိုပါ ပွဲစဉ်အား မြန်မာ့ရုပ်မြင်သံကြား MRTV၊ MRTV Sport Channel နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့တွင် ယင်းနေ့ ညနေ(၄)နာရီ (၄၅)မိနစ်မှ စတင်၍ တိုက်ရိုက် Live ထုတ်လွှင့်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

 


သတင်းစဉ်