၇ ဒီဇင်ဘာ
တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုများပြားလာတဲ့အတွက် သတိပေးအဆင့် ဒုတိယအမြင့်ဆုံး သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
ဆိုးလ်ဒေသတစ်ဝိုက်တွင် တနင်္ဂနွေနေ့မှာ ပိုးတွေ့ရှိသူ ၆၃၁ ဦးရှိခဲ့ရာ ၉ လအတွင်း ပိုးတွေ့သူ အများဆုံးလို့ ဆိုရမှာဖြစ်ကြောင်း ကိုရီးယားကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိမှုဟာ ကမ္ဘာ့အဆင့်နဲ့ နှိုင်းယှဉ်ရရင် နည်းနေသေးပေမယ့် တာဝန်ရှိသူတွေက သတိပေးချက်မြှင့်ပြီး စည်းမျဉ်းစည်းကမ်းတွေကို တိုးမြှင့်ချထားတာဖြစ်ပါတယ်။
တင်းကျပ်တဲ့ စည်းမျဉ်းအရ လူ ၅၀ ထက်ပိုပြီး စုဝေးခွင့် မရှိသလို အားကစားပွဲတွေမှာ ပရိသတ်တွေ ကြည့်ရှုခွင့်ကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။ ကော်ဖီဆိုင်တွေ၊ ဘားတွေနဲ့ စားသောက်ဆိုင်တွေကို ည ၉ နာရီတွင် ပိတ်ရန် တားမြစ်လိုက်ကြောင်း၊ အဲဒီစည်းမျဉ်းတွေဟာ ဒီနှစ်ကုန်ပိုင်းအထိ ချမှတ်သွားဖြစ်ကြောင်း ဝန်ကြီးချုပ် ချောင်ဆေချွန် က ပြောကြားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၃၈,၁၆၁ ဦးနဲ့ သေဆုံးသူ ၅၄၉ ဦး ရှိကြောင်း ဒီနေ့ ထုတ်ပြန်ချက်အရအသိရပါတယ်။
MDN
ကိုးကား - AFP
