၃ မေ

 

တောင်ကိုးရီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဒီနေ့ (တနင်္ဂနွေနေ့) မှာ ရုတ်သိမ်းလိုက်ပါတယ်။ ဒီသီတင်းပတ်အတွင်းမှာ လူစုဝေးခွင့်နဲ့ အခမ်းအနားတွေပါ ကျင်းပခွင့် ပြုလိုက်ပါတယ်။

 

အခုရက်ပိုင်းအတွင်းမှာ  ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အရေအတွက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံ အပြင်ဘက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံးဖြစ်ခဲ့တာကို တွေ့ရပါတယ်။

 

ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် မတ်လကစပြီး တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်မနေရန် စည်းမျဉ်းတွေ ချမှတ်ခဲ့ပြီး K-pop ဖျော်ဖြေရေးပွဲကနေ အားကစားပွဲတွေပါ ဖျက်သိမ်းသလို ရက်ရွေ့ဆိုင်းမှုတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ပြတိုက်တွေနဲ့ ပြပွဲတွေကို ပိတ်လိုက်ပါတယ်။ ဘာသာရေးအခမ်းအနားတွေကိုလည်း ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန် ဗိုင်းရပ်စ်ပိုးလမ်းကြောင်းလိုက်ရှာခြင်း၊ စမ်းသပ်ခြင်းနဲ့ ကုသခြင်းအစီအစဉ်တွေ လုပ်ဆောင်ခဲ့တဲ့အတွက်  ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

 

mdn

 

ဗိုင်းရပ်စ်ပျံ့နှံ့ခဲ့ပေမယ့် သေဆုံးသူဟာ ၂၅၀ ဦးဝန်းကျင်သာ ရှိခဲ့ပြီး အီတလီ၊ ဗြိတိန်၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ သေဆုံးသူ အနည်းဆုံး ၂၄,၀၀၀ ဦးရှိတဲ့အတွက် အဲဒီနိုင်ငံတွေထက် သေဆုံးမှု အများကြီးနည်းခဲ့ကြောင်း တွေ့ရပါတယ်။

 

တောင်ကိုရီးဝန်ကြီးချုပ်က စုဝေးခွင့်နဲ့ အခမ်းအနားပွဲတွေကို ပိုးမွှားသတ်ခြင်းဆိုင်ရာ စည်းကမ်းလမ်းညွှန်ချက် တွေရဲ့  အောက်ကနေ ခွင့်ပြုသွားမယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ကစပြီး တောင်ကိုရီးယားရဲ့ ပုံမှန်လူနေမှုဘဝကို ပြန်လည် ခွင့်ပြုမယ်လို့ ပြောပါတယ်။

 

ဒီနေ့မှာ လူပေါင်း ၁၀,၇၉၃ ဦးကို ရောဂါပိုးစစ်ဆေးရာ ၁၃ ဦးမှာသာ ရောဂါပိုးတွေ့ရှိကြောင်း ရောဂါပိုး ထိန်းချုပ်ရေးဌာက ထုတ်ပြန်ပါတယ်။

 

မေလ လယ်ပိုင်းမှာ ကျောင်းတွေပြန်ဖွင့်မယ်လို့ မျှော်လင့်ရကြောင်း ကျောင်းဖွင့်ရက်ကို အစိုးရက လာမယ့်ရက်ပိုင်းမှာ ကြောညာမယ်လို့ Yonhap သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn