ဒီဇင်ဘာ ၁၃
တောင်ကိုရီးယားနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုအရေအတွက် မြင့်တက်နေသည်ဟု ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။
အိုမီခရွန်ကူးစက်ခံရသူဦးရေ ၉၀ ကို ဒီဇင်ဘာ ၁၁ ရက်ကတွေ့ရှိခဲ့ရာ ၎င်းကူးစက်ခံရသူများအနက် ၆၇ ဦး ( ၇၀ ရာခိုင်နှုန်း) ကျော်သည် ပြည်တွင်းကူးစက်မှုများဖြစ်သည်။
ဆိုးလ်မြို့အနီး အင်ချွန်မြို့တွင် လူအုပ်စုလိုက်ကူးစက်မှုများ ဖြစ်ပွားခဲ့သည်။ နိုင်ငံ၏အနောက်တောင်ဘက် ဂျိုလာပြည်နယ်တွင်လည်း ကူးစက်မှုများဖြစ်ပွားသည်ဟု ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်ဖြစ်ပွားမှုစတင်ခဲ့ပြီးနောက်ပိုင်း အိုမီခရွန်ကူးစက်မှုသည် အပြင်းထန်ဆုံးဖြစ်ပွား လျက်ရှိသည်။
လွန်ခဲ့သည့်သီတင်းပတ်က အချို့ရက်များတွင် ကူးစက်ဖြစ်ပွားသူအရေအတွက် ၇၀၀၀ ကျော်ရှိခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက်က ရောဂါ ကူးစက်ခံရသူ ၆၆၈၉ ဦး ရှိသည်။
ရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၈၉၄ ဦးရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို