ဒီဇင်ဘာ ၁၁
တောင်ကိုရီးယားနိုင်ငံအနောက်ပိုင်းတွင် အမေရိကန် F-16 တိုက်လေယာဉ် လေ့ကျင့်ပျံသန်းမှုလုပ်ဆောင်နေစဉ်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီနှင့် ဒေသတွင်းရုပ်သံလိုင်း ဝိုင်တီအင်န်တို့က ယနေ့ဖော်ပြထားသည်။
အဆိုပါ အမေရိကန် F-16 တိုက်လေယာဉ်သည် ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့်အကွာ Gunsan မြို့ရှိ Kunsan လေတပ်စခန်းအနီးတွင် မနက်ပိုင်းက ပျက်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုမတော်တဆမှုကြောင့် လေယာဉ်မှူးသည် ထိခိုက်ဒဏ်ရာရမှုမရှိဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို