ဒီဇင်ဘာ ၃
တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း အပန်းဖြေရာ ဂျယ်ဂျူကျွန်းတွင် ဗီယက်နမ်ခရီးသွား ၃၈ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ထိုကျွန်းရှိခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ပြောကြားချက်ကို ကိုးကားပြီးယွန်ဟပ်သတင်းအေဂျင်စီတွင် ယနေ့ ဖော်ပြထား သည်။
ဗီယက်နမ်ခရီးသွား ၉၀ ခန့်သည် စင်းလုံးငှား VietJet လေယာဉ်ဖြင့် ဂျယ်ဂျူကျွန်းသို့ နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိခဲ့သည်။
အဆိုပါခရီးသွားများအနက် ခရီးသွား ၃၈ ဦးသည် ၎င်းတို့၏နောက်ဆုံးခရီးစဉ်တွင် အဆက်အသွယ်ပြတ်တောက်သွားကာ ပြန်လည်ထွက်ခွာသည့်လေယာဉ်ပေါ်တွင် လိုက်ပါလာခြင်းမရှိကြောင်း ဖော်ပြထားသည်။
ထိုကျွန်းပေါ်တွင်နေထိုင်ရန် နိုင်ငံခြားခရီးသွားများကို ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်ခွင့်ပြုထားသည်ဟု သိရသည်။ ယင်းဗီယက်နမ်ခရီးသွားများအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်အထိ ဗီဇာကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်ကျော်လျှင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများဖြစ်လာမည်ဖြစ်သည်။
၎င်းကျွန်းပေါ်ရှိလူဝင်မှုကြီးကြပ်ရေးရုံးက ၎င်းတို့၏တည်နေရာကိုရှာဖွေရန် စောင့်ကြည့်ကင်မရာများဖြင့်ကြည့်ရှု စစ်ဆေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို