မေ ၁၂
တောင်ကိုရီးယားနိုင်ငံရှိ မူလတန်းကျောင်းတွင် အားကစားရုံမျက်နှာကျက် ပြိုကျသဖြင့် ဆရာတစ်ဦးနှင့် ကျောင်းသူကျောင်းသား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၃၂၀ ခန့်အကွာရှိ ယိုဆူမြို့တွင် မူလတန်းကျောင်း အားကစားရုံအတွင်း မျက်နှာကျက်တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါမျက်နှာကျက်ပြိုကျမှုကြောင့် ဆရာတစ်ဦးအပါအဝင် စုစုပေါင်း ၁၄ ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများကို အနီးနားရှိဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ဆရာနှင့်ကျောင်းသူကျောင်းသားများ ထိုမျက်နှာကျက်အောက်တွင်ရှိနေစဉ် မျက်နှာကျက်အတွင်းရှိ အချောထည်ပစ္စည်းများ ၎င်းတို့အပေါ်သို့ပြုတ်ကျခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို