ဇန်နဝါရီ ၆

 

တောင်ကိုရီးယားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်သမားသုံးဦးသေဆုံးသည်ကို တွေ့ရှိခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ယနေ့တွင်ဖော်ပြထားသည်။

 

ဆိုးလ်မြို့တောင်ဘက် ကီလိုမီတာ ၇၀ ခန့်အကွာဖျောင်းတိခ်မြို့ရှိ အအေးခန်းသိုလှောင်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ယမန်နေ့ည ၁၁ နာရီ ၄၆ မိနစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

မီးငြှိမ်းသတ်နေစဉ် မီးသတ်သမားသုံးဦး ပျောက်ဆုံးနေခဲ့ကြောင်း၊ ခုနစ်ထပ်ရှိသော သိုလှောင်ရုံ၏ ဒုတိယထပ်တွင် ၎င်းမီးသတ်သမားနှစ်ဦး၏အလောင်းကိုတွေ့ရှိခဲ့ပြီး ကျန်တစ်ဦး၏အလောင်းကို ထိုနေရာအနီးတွင် မိနစ် ၂၀ အကြာမှ တွေ့ရှိခဲ့သည်။

 

ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိအလုပ်သမားငါးဦးကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို