ဩဂုတ် ၂၄
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၉၃၃၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၂၅၈၈၆၄၀ ဦး ရှိလာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၅၀၂၅၈ ဦး တွေ့ရှိရာမှ ကူးစက်မှုအရေအတွက် ကျဆင်းလာခြင်းဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။
လွန်ခဲ့သောသီတင်းပတ်က ရောဂါနေ့စဉ်ကူးစက်မှုအရေအတွက် ၁၂၉၄၇၃ ဦး ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၅၆ ဦးသည် ပြည်ပမှပြန်လည်ရောက်ရှိလာသူများဖြစ်သည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၆၃ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၆၂၂၄ ဦး ရှိလာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို