တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆ ဒသမ ၃ သန်းကျော်ရှိလာ

ဆိုးလ် ဧပြီ ၁၈

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၇၇၄၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၁၆၃၅၃၄၉၅ ဦးရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၃၂ ဦးထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၂၁၂၂၄ ဦး ရှိလာကြောင်း တောင်ကိုရီးယားရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။ အဆိုပါ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် နိုင်ငံအတွင်း သေဆုံးသူပေါင်း၏
သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်း သို့မဟုတ် ၄၄၅၂၆၄၉၄ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၃၃၀၀၈၇၇၃ ဦး သို့မဟုတ် နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၃ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။   

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်