ဖေဖော်ဝါရီ ၂၄
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၀၀၁၆ ဦး တွေ့ရှိပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၂၄၉၉၁၈၈ ဦးရှိလာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ ၁၇၁၄၅၁ ဦးမှအနည်းငယ်လျော့ကျခဲ့သော်လည်း ကူးစက်ခံရသူဦးရေ ၁၇၀၀၀၀ ကျော် ရှိသည်မှာ နှစ်ရက်ဆက်တိုက်ရှိပြီ ဖြစ်ကြောင်း ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။
ထပ်မံကူးစက်ဖြစ်ပွားမှုများအနက် ၃၇၁၀၆ ဦးသည် ဆိုးလ်မြို့နေထိုင်သူများဖြစ်ပြီး ဂျောင်ဂီပြည်နယ်မှ ၅၁၃၁၇ ဦးနှင့် အင်ချွန်မြို့မှ ၁၃၈၆၁ ဦးတို့ဖြစ်သည်။
မြို့ပြမဟုတ်သည့်ဒေသတွင်လည်း ရောဂါကူးစက်မှုများ ဖြစ်ပွားလျက်ရှိပြီး ပြည်တွင်းကူးစက်မှုပေါင်း၏ ၃၉ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်။
ရောဂါကူးစက်ဖြစ်ပွားသူများအနက် စိုးရိမ်ဖွယ်အခြေအနေရှိသူ ၅၈၁ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို