ဩဂုတ် ၁၇
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၀၈၀၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၁၆၈၂၈၁၆ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ခံရသူ ၈၄၁၂၈ ဦးရှိရာမှ ကူးစက်မှုမြင့်တက်လာပြီး သီတင်းပတ်အစောပိုင်းက ကူးစက်မှုအရေအတွက် ၁၅၁၇၄၈ ဦးထက် ပိုမိုမြင့်တက်ခဲ့သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သောသီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှု ၁၁၉၅၇၆ ဦးရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
အဆိုပါရောဂါကူးစက်ခံရသူများအနက် ၅၆၇ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၂ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၅၇၅၂ ဦးရှိလာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို