ဇူလိုင် ၆
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၃၇၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၁၈၄၃၃၃၅၉ ဦး ရှိလာသည်ဟု ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၈၁၄၇ ဦးရှိရာမှ ကူးစက်မှုအရေအတွက်မြင့်တက်လာပြီး သီတင်းပတ်အစောပိုင်းက ကူးစက်ခံရသူဦးရေ ၁၀၄၅၅ ဦးထက် ကူးစက်ခံရသူဦးရေ ပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ(ကေဒီစီအေ)၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်ခံရသူဦးရေ ၁၁၉၅၀ ရှိသည်ဟု အတည်ပြုထားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၂၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ပြည်ပကူးစက်မှုပေါင်း ၃၆၃၁၆ ဦးအထိ ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ခုနစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၄၅၈၃ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို