အောက်တိုဘာ ၁၂
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၅၃၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၂၅၀၂၅၇၄၉ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
လွန်ခဲ့သောရက်က ကိုဗစ်ရောဂါထပ်မံကူးစက်ခံရသူ ၁၅၄၇၆ ဦးရှိရာမှ ထိုရောဂါကူးစက်မှုအရေအတွက် ပိုမိုများပြားလာသည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (ကေဒီစီအေ)၏ပြောကြားချက်အရ သိရသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၇၀ သည် ပြည်ပကူးစက်မှုဖြစ်ပြီး ကျန်ရှိသူများသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း ပြည်ပကူးစက်မှုပေါင်း ၆၈၅၂၅ ဦး ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၂၆၃ ဦးရှိသည်ဟု ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၅ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၈၇၂၃ ဦး ရှိလာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို