ဧပြီ ၂၅
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၃၇၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၆၉၂၉၅၆၄ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ဖြစ်ပွားသူ ၆၄၇၂၅ ဦးရှိရာမှ ရောဂါကူးစက်မှုလျော့ကျလာသည်ဟု ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။
မတ်လလယ်က အိုမီခရွန်ဗီဇပြောင်းနှင့် ၎င်း၏မျိုးကွဲ BA.2 တို့ကူးစက်မှုဖြစ်ပွားရာ ရောဂါကူးစက်ဖြစ်ပွားသူ အရေအတွက်မြင့်တက်လာပြီးနောက် ကိုဗစ်ရောဂါ နေ့စဉ်ကူးစက်မှုလျော့ကျလာခြင်းဖြစ်သည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ယူဆထားသည်။
ကိုဗစ်ရောဂါထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၃၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၁၀ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၂၂၂၄၃ ဦး ရှိလာသည်။
နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခဲ့ပြီး ၆၄ ဒသမ ၄ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို