မတ် ၂၉

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၇၅၅၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၁၂၃၅၀၄၂၈ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ဆိုးလ်ဒေသတွင် မကြာသေးမီက ရောဂါကူးစက်မှုများမြင့်မား လာသည်။

 

ရောဂါထပ်မံကူးစက်ခံရသူများအနက် ဆိုးလ်ဒေသတွင် ၆၆၀၇၈ ဦး၊ ဂျောင်ဂီပြည်နယ်တွင် ၈၈၆၉၅ ဦးနှင့် အင်ချွန်ဆိပ်ကမ်းမြို့တွင် ၁၈၈၂၆ ဦးတို့ တွေ့ရှိခဲ့သည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၃၇ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၁၅၄၂၃ ဦးအထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၄၄၉၄၆၇၆၇ ဦးရှိပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၄၄၄၇၈၅၄၈ ဦး ရှိသည်။ ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၂၆၆၇၀၁၈ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို