ဇန်နဝါရီ ၁၇

 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၈၅၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၆၉၆၀၃၂ ဦးအထိ မြင့်တက်လာသည်။

 

ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ဖြစ်ပွားသူ ၄၁၉၃ ဦးရှိရာမှ နေ့စဉ်ရောဂါကူးစက်မှုအရေအတွက် လျော့ကျလာသည်။

 

ရောဂါထပ်မံကူးစက်ခံရသူများအနက် ၇၁၁ ဦးသည် ဆိုးလ်ဒေသခံများ ဖြစ်ပြီး ဂျောင်ဂီပြည်နယ်တွင် ၁၃၅၁ ဦးနှင့် အနောက်ဘက် အင်ချွန်းဆိပ်ကမ်းမြို့တွင် ၁၈၇ ဦးတို့ဖြစ်သည်။

 

မြို့ပြမဟုတ်သောဒေသများတွင်လည်း ထိုရောဂါကူးစက်မှု မြင့်တက်လျက်ရှိသည်။ ယင်းဒေသများတွင် ရောဂါကူးစက်ခံရသူဦးရေ ၁၃၀၆ ဦးရှိသည်။ ထပ်မံကူးစက်ခံရသူများအနက် ၃၀၈ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။

 

အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် ၂၃ ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၆၃၃၃ ဦးအထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံမှုခံယူပြီးသူ ၄၃၅၀၇၄၃၄ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၂၃၃၅၄၀၀၃ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို