ဇန်နဝါရီ ၁၉

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၈၀၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၇၀၅၉၀၂ ဦးအထိ မြင့်တက်လာသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေစဉ် ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှုသည် ပြီးခဲ့သည့်နေ့က ကူးစက်ခံရသူ ၄၀၇၁ ဦးအထက် မြင့်မားခဲ့သည်။

 

ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၁၁၂၅ ဦးသည် ဆိုးလ်ဒေသခံများ ဖြစ်ပြီး ဂျောင်ဂီပြည်နယ်တွင် ၂၁၁၆ ဦးနှင့် အနောက်ဘက် အင်ချွန်ဆိပ်ကမ်းမြို့တွင် ၄၀၁ တို့ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၇၄ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၆၄၅၂ ဦးအထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူဦးရေ ၄၃၆၃၀၄၅၀ ရှိသည်။ ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၂၄၀၀၄၆၆၆ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို