ဆိုးလ် အောက်တိုဘာ ၁၀
တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၉၈၁ ဦး ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၄၉၇၉၇၇၀ ရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
နိုင်ငံအတွင်း ပြီးခဲ့သည့် သီတင်းပတ်က ကိုဗစ်-၁၉ ရောဂါ ပျမ်းမျှကူးစက်ခံရသူ ၂၁၁၆၄ ဦးရှိသည်။ သို့ရာတွင် နိုင်ငံအတွင်း နေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်သည် ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းကထက် လျော့နည်းကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၄၇ ဦးမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၆၈၃၆၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိရသည်။
နိုင်ငံအတွင်း လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာ ခံစားနေရသူ ၃၁၁ ဦးရှိပြီး အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၂၈၆၉၈ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ