ဆိုးလ်    မတ်    ၃၀

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း    ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ ၃၄၇၅၅၄ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် အဆိုပါရောဂါကူးစက်ခံရသူစုစုပေါင်း ၁၂၃၅၀၄၂၈ ဦးရှိလာကြောင်း တောင်ကိုရီးယားကျန်းမာရေး အာဏာပိုင် များက မတ် ၂၉ ရက်တွင် ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း   ကိုဗစ်-၁၉   ရောဂါ ကြောင့် သေဆုံးသူ ၂၃၇ ဦးထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အဆိုပါ ရောဂါဖြင့်သေဆုံးသူပေါင်း ၁၅၄၂၃ ဦး ရှိလာကြောင်း  တောင်ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ က ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံ၌     နိုင်ငံ့ လူဦးရေ၏   ၈၇ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် ၄၄၉၄၆၇၆၇ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံ ပေးပြီးဖြစ်ကြောင်းနှင့်  နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၇ ရာခိုင်နှုန်း         သို့မဟုတ် ၄၄၄၇၈၅၄၈ ဦးအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်     ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင်    တောင်ကိုရီးယားနိုင်ငံ၌ လူဦးရေ ၃၂၆၆၇၀၁၈ ဦး သို့မဟုတ် နိုင်ငံ့ လူဦးရေ၏ ၆၃ ဒသမ ၇ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယ အကြိမ်    အပိုဆောင်းထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်