ဖေဖော်ဝါရီ ၃

 

တောင်ကိုရီးယားနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၀၀၀ ကျော်ရှိသဖြင့် ပထမဆုံးအကြိမ်အဖြစ် နေ့စဉ်ကူးစက်မှုစံချိန်တင်မြင့်တက်ခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၉၀၇ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၉၀၇၂၁၄ ဦး ရှိလာသည်။

 

ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၀၂၆၉ ဦးရှိရာ နှစ်ရက်ဆက်တိုက် ကူးစက်ဖြစ်ပွားသူ ၂၀၀၀၀ အထက်ရှိခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၂၅ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၆၈၁၂ ဦးအထိ ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၄၄၆၄၁၆၆၇ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံမှုခံယူပြီးသူ ၄၃၉၉၇၁၂၉ ဦး ရှိသည်။ ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၂၇၂၆၇၆၈၄ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို