ဆိုးလ် ဩဂုတ် ၂

 

တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင် ၃၁ ရက် သန်းခေါင်ယံအထိ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက် ခံရသူ ၄၄၆၈၉ ဦး စစ်ဆေးတွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၉၈၂၀၇၃၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ဩဂုတ် ၁ ရက် တွင် ပြောသည်။

 

အဆိုပါ ကူးစက်မှုပမာဏ သည် ယခင်ရက်က ကူးစက်မှု ပမာဏထက် ကျဆင်းလာကြောင်း တောင်ကိုရီးယားရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီကပြောသည်။ အဆိုပါ ကူးစက်ခံရသူများအနက် ၄၃၆ ဦးသည် ပြည်ပပြန်ကူးစက်မှု ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်း ပြည်ပပြန်ကူးစက်ခံရသူ စုစုပေါင်း ၄၄၇၅၆ ဦးအထိ ရှိလာပြီ ဖြစ်သည်။

 

တောင်ကိုရီးယား နိုင်ငံ၌ ရောဂါပြင်းထန်သော အခြေအနေတွင်ရှိသူ ၂၈၇ ဦးရှိပြီး ယခင်က ရက်ကထက် သုံးဦးတိုးလာကြောင်း သိရသည်။ ထို့အပြင် တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁ ဦး ရှိသည့်အတွက် အဆိုပါ ရောဂါကြောင့် သေဆုံးသူ စုစု ပေါင်း ၂၅၀၆၈ ဦးအထိ ရှိလာပြီ ဖြစ်သည်။

 

ဆင်ဟွာ