နိုဝင်ဘာ ၄
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၅ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၂၉၃၁၅ ဦး ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၃၄၄၉ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ယနေ့အထိ ထိုရောဂါကူးစက်ခံရသူပေါင်း ၂၅၇၆၀၇၀၁ ဦးအထိ ရှိလာသည်ဟု ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီက ဆိုသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၉ ဦးသည် ပြည်ပပြန်လာသူများကူးစက်မှုဖြစ်ပြီး ကျန်ရှိနေသူများသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်းပြည်ပပြန်လာသူများအနက် ယင်းရောဂါကူးစက်မှုပေါင်း ၆၉၉၄၄ ဦးရှိကြောင်း ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၃၀၄ ဦးရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို