နိုဝင်ဘာ ၁၈
တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၆၃ ဦး ထပ်မံသေဆုံးခဲ့သဖြင့် နိုင်ငံအတွင်း ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၂၉၉၂၅ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၉၄၁၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၂၆၄၆၂၃၁၉ ဦး အထိရှိလာသည်ဟု သိရသည်။
လွန်ခဲ့သောရက်က ထိုရောဂါကူးစက်ခံရသူ ၅၅၄၃၇ ဦးရှိရာမှ ကူးစက်ဖြစ်ပွားသူအရေအတွက် လျော့နည်းလာခြင်းဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီက ပြောသည်။
အဆိုပါရောဂါကူးစက်ဖြစ်ပွားသူများအနက် ၆၆ ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ကျန်ရှိနေသူများသည် ပြည်တွင်းကူးစက်မှုများဖြစ်သည်ဟု ဖော်ပြထားသည်။ နိုင်ငံအတွင်း ပြည်ပပြန်ကူးစက်မှုပေါင်း ၇၀၇၀၆ ဦး ရှိလာသည်။
ထိုရောဂါကူးစက်ခံရသူများအနက် ၃၆၅ ဦးသည် ကျန်းမာရေးအခြေအနေစိုးရိမ်ရသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို