တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၈၄၄၃ ဦး ထပ်မံတွေ့ရှိ

 

ဆိုးလ် ဧပြီ ၁၄

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၈၄၄၃ ဦး ထပ်မံ စစ်ဆေးတွေ့ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၉၇၉၀၆၁ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင် များက ယနေ့ပြောသည်။ မတ်လလယ်ပိုင်းမှစပြီး လက်ရှိအချိန်အထိ မြို့တော်ဆိုးလ်၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်နှင့် BA.2 မျိုးကွဲဗီဇ ပြောင်းဗိုင်းရပ်စ် ကူးစက်မှုတို့ မြင့်တက်လျက်ရှိကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေး အေဂျင်စီက ပြောသည်။

 

ရောဂါထပ်မံကူးစက်ခံရသူများ အနက် ၂၄၉၇၆ ဦးသည် မြို့တော်ဆိုးလ်မှ ဖြစ်ပြီး ၃၇၉၉၄ ဦးသည် ဂျောင်ဂီစီရင်စုနှင့် ၇၆၃၁ ဦးသည် အင်ချွန်းမြို့မှဖြစ်ကြောင်း နှင့် ကျန် ၃၅ ဦးသည် နိုင်ငံရပ်ခြားမှ  ပြန်လည်ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသည့် ရောဂါကူးစက်ခံရသူ အရေအတွက် ၃၁၅၂၄ ဦးရှိသည်။  လက်ရှိတွင် ရောဂါပြင်းထန်စွာ ခံစားနေရသူ ၉၆၂ ဦး ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များကဆိုသည်။  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၁၈ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါ ကြောင့် သေဆုံးသူပေါင်း ၂၀၃၅၂ ဦး ရှိပြီဖြစ်သည်။

 

တောင်ကိုရီးယားအစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်ကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်အထိ ပြည်သူ ၄၄၅၁၉၈၄၂ ဦး (နိုင်ငံလူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်း) အား ကာကွယ်ဆေး အပြည့်အဝ (နှစ်ကြိမ်) ထိုးနှံပေးပြီး ဖြစ်သည်။ ထို့ပြင် ပြည်သူ ၃၂၉၅၉၁၂၂ ဦး (နိုင်ငံ လူဦးရေ၏ ၆၄ ဒသမ ၂ ရာခိုင်နှုန်း) သည် အပိုဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူပြီး ဖြစ်သည်။   

 

 ကိုးကား- ဆင်ဟွာ

 ဘာသာပြန်- အောင်ကျော်ကျော်