ဆိုးလ် အောက်တိုဘာ ၁၂

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၅၃၅ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင်  ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူပေါင်း  ၂၅၀၂၅၇၄၉ ဦး ရှိလာကြောင်း  တောင်ကိုရီးယားကျန်းမာရေး အာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

လွန်ခဲ့သည့်  တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက် ၇၀ သည် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများ ဖြစ်ကြောင်းနှင့် ကျန်ရှိသူများသည်  ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါ ကြောင့် သေဆုံးသူစုစုပေါင်း ၂၈၇၂၃ ဦးရှိလာကြောင်း တောင်ကိုရီးယားကျန်းမာ ရေးအာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်