အောက်တိုဘာ ၅
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၇၃၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရသူပေါင်း ၂၄၈၈၂၈၉၄ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၆၄၂၃ ဦးရှိရာမှ ထိုရောဂါကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၆၉ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ကျန်ရှိသူများသည် ပြည်တွင်းကူးစက်မှုဖြစ်သည်။ နိုင်ငံအတွင်း ပြည်ပကူးစက်မှုပေါင်း ၆၈၀၈၀ ရှိလာသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၆ ဦး ထပ်မံသေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် သေဆုံးမှုပေါင်း ၂၈၅၄၄ ဦး အထိရှိသည်။
ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေသည် နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှုစုစုပေါင်း၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို