နိုဝင်ဘာ ၁
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၈၃၇၉ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၂၅၆၁၅၆၆၇ ဦး ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
ကိုရီးယားရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ၏ပြောကြားချက်အရ လွန်ခဲ့သောရက်က ယင်းရောဂါကူးစက်ခံရသူ ၁၈၅၁၀ ရှိရာမှ ရောဂါနေ့စဉ်ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၆၈ ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ကျန်ရှိနေသူများသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း သတင်းဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ပြည်ပပြန်ကူးစက်မှုပေါင်း ၆၉၇၆၅ ဦး ရှိလာသည်ဟု သိရသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၃ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် နိုင်ငံအတွင်း ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၂၉၂၀၉ ဦး ရှိကြောင်းအတည်ပြု သတင်းထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို