ဆိုးလ်   ဧပြီ    ၂၁

တောင်ကိုရီးယားနိုင်ငံ၌   ပြီးခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၀၈၆၇ ဦး ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၁၆၆၇၄၀၄၅ ဦး  ရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက  ယနေ့ပြောကြား သည်။


နိုင်ငံအတွင်း  မတ်လက  အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်နှင့်  ဘီအေ-၂ အမျိုးအစား   ဗီဇပြောင်း ဗိုင်းရပ်စ်များ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခဲ့ပြီးနောက် ရောဂါထိန်းချုပ်ရေးကို   ဆောင်ရွက်ခဲ့သဖြင့်    နေ့စဉ် ကူးစက်မှုများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရ သည်။

လက်ရှိအချိန်တွင်     ပြည်ပမှပြန်လည်ရောက်ရှိ လာသူ ၃၁၆၆၆  ဦး ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရ ကြောင်း  သိရသည်။  ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၁၄၇ ဦး ထပ်မံသေဆုံးသဖြင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၁၆၆၇ ဦးရှိလာသည်။  နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီး သူ ၄၄၅၃၀၄၂၅  ဦးရှိပြီး       အပိုဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးသူ    ၃၃၀၃၃၇၂၂   ဦးရှိ သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ