အောက်တိုဘာ ၁၇
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁၁၀၄၀ ထပ်မံတွေ့ရှိခဲ့သဖြင့် ထိုရောဂါကူးစက်ခံရသူပေါင်း ၂၅၁၃၁၅၀၅ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရသူများအနက် ၈၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ကျန်ရှိသူများသည် ပြည်တွင်းကူးစက်မှုများ ဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ ( ကေဒီစီအေ )က ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် ပြည်ပမှပြန်ရောက်လာသူများအနက် ထိုရောဂါကူးစက်မှုစုစုပေါင်း ၆၈၈၇၀ ရှိလာကြောင်း ကေဒီစီအေ၏ပြောကြားချက်အရ သိရသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၁ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် နိုင်ငံအတွင်း သေဆုံးသူပေါင်း ၂၈၈၅၁ ဦးရှိလာသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းသည် ကိုဗစ်ရောဂါကူးစက်မှုစုစုပေါင်း၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း သတင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို