ဇွန် ၂၄

တောင်ကိုရီးယားနိုင်ငံ၏ မွေးဖွားမှုနှုန်းသည် ၂၂ လဆက်တိုက်မြင့်တက်လာသည်ဟု စာရင်းအင်းဝန်ကြီးဌာန၏အချက်အလက်များက ယနေ့တွင် ဖော်ပြထားသည်။

မွေးကင်းစကလေးငယ်အရေအတွက်သည် ယခင်နှစ်ကထက် ၁၈ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်လာပြီး ဧပြီလတွင် ၂၄၅၂၁ ဦးအထိ ရှိလာကြောင်းနှင့်၂၀၂၄ ခုနှစ် ဇူလိုင်လမှစ၍ ဆက်လက်မြင့်တက်လျက်ရှိကြောင်း အချက်အလက်နှင့် စာရင်းအင်းဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

၁၉၈၁ ခုနှစ်တွင် သက်ဆိုင်ရာဒေတာများကို စတင်စုဆောင်းပြီးနောက်ပိုင်း ဧပြီလတွင် အမြင့်မားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

စုစုပေါင်းမွေးဖွားနှုန်းဆိုသည်မှာ အမျိုးသမီးတစ်ဦးက ၎င်း၏ဘဝတစ်လျှောက် မွေးဖွားမည့် ကလေးအရေအတွက်၏ ပျမ်းမျှခန့်မှန်းချက် ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှုအရေအတွက်သည် နှစ်စဉ်အလိုက် ဧပြီလတွင် ၂၀၆၂၂ ဦးအထိ ရှိလာခဲ့ပြီး ၉ ဒသမ ၀ ရာခိုင်နှုန်း တိုးလာကြောင်းနှင့်  ကွာရှင်းမှုအရေအတွက်သည်  ၇၈၂၉ ဦးအထိ ရှိလာပြီး  ၇ ဒသမ ၃ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။

သေဆုံးသူအရေအတွက်သည် ယမန်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ဧပြီလတွင် ၂၈၄၀၅ ဦးသာ ရှိရာ ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို