ဒီဇင်ဘာ ၂၈
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၈၆၅ ဦးရှိသောကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၆၁၅၅၃၂ ဦးအထိ မြင့်တက်လာသည်။
ပြီးခဲ့သည့်ရက်က ရောဂါကူးစက်ခံရသူ ၄၂၀၆ ဦးရှိရာမှလျော့ကျခဲ့ပြီး ရက်ပေါင်း ၂၈ ရက်အတွင်း ကူးစက်ဖြစ်ပွားသူဦးရေ ၄၀၀၀အောက် လျော့ကျလာခြင်းဖြစ်သည်။
ထပ်မံရောဂါကူးစက်ဖြစ်ပွားသူများအနက် ဆိုးလ်ဒေသခံ ၁၂၅၄ ဦး၊ ဂျောင်ဂီပြည်နယ်၌ ၁၀၄၅ ဦးနှင့် အင်ချွန်ဆိပ်ကမ်းမြို့၌ ၂၃၃ ဦးတို့အသီးသီးဖြစ်သည်။
ကျေးလက်ဒေသများတွင်လည်း ရောဂါကူးစက်မှုမြင့်မားလျက်ရှိပြီး ရောဂါကူးစက်ခံရသူ ၁၂၄၅ ဦးရှိသည်။
အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၄၉ ဦးရှိသည်။ ၎င်းတို့အနက် ပြည်ပကူးစက်မှု ၁၈၃ ဦးနှင့် ပြည်တွင်းကူးစက်မှု ၂၆၆ ဦးရှိသည်။
ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၄၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၃၄၆ ဦးရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးသူ ၄၂၃၈၄၄၂၅ ဦးရှိပြီး ၎င်းတို့အနက် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၁၅၉၅၃၁၄၀ ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို