နိုဝင်ဘာ ၁၀

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၅၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၂၉၅၃၁ ဦး ရှိလာကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၅၃၆၅ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၂၆၀၃၇၀၂၀ ရှိလာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၅၀ သည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ကျန်ရှိသူများသည် ပြည်တွင်း ကူးစက်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သောရက်က ထိုရောဂါကူးစက်ခံရသူ ၆၂၄၇၂ ဦးတွေ့ရှိခဲ့ရာ ကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ( ကေဒီစီအေ )၏ပြောကြားချက်အရသိရသည်။

နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူ ၃၂၃ ဦး ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို